NSE internet cafe မှ လူသားအားလုံးအတွက် ကောင်းခြင်း မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းဂါရ၀ ပြုပါတယ်ခင်ဗျာ။

အားလုံးမင်္ဂလာပါ။ လူသားအားလုံး ရွှင်လန်းချမ်းမြှေ့ကြပါစေ။



ရှာမယ်ဖွေမယ်

» Myanmar Burma
» Burmese Classic
» Ko Thwin Maung
» Ko Myat
» Villager
» friendster
» multiply
» zorpia
» person
» meebo
» koolim
» Myanmarmp3
» Khayanpyar
» Myanmar music
» Myammar book shop
» all-channel
» Glite Sayni
» My glite » mail big file » Gmail » YoYaHoo
» live score
» soccerstand

Wednesday, December 26, 2007

NSE internet cafe

ကမ္ဘာဆိုတာ တကယ်ကို ရွာတစ်ရွာလို ဖြစ်နေပါပြီ။ တစ်ခြားသော မြို့ကြီးတွေမှာ internet ကို အလွန်ကျယ်ပြန့်စွာ အသုံးပြုနေကြပါပြီ။ လူကြီးတွေရော လူငယ်တွေကပါ ကမ္ဘာကြီးကို ရွာတစ်ရွာ
အဖြစ်ခြုံပြီး ကြည့်နေကြပါပြီ။ နည်းပညာ၊ ဆက်သွယ်ရေး၊ ဗဟုသုတ၊ ခင်မင်ရင်းနှီးမှု၊ အနုပညာ
ဂီတတွေပါ တစ်နေရာထဲမှာ စုစည်းနေတော့ လူသားတွေအတွက် အချိန်ကို အများကြီး ချွေတာ
စေနိုင်တဲ့ နေရာလေးတစ်ခုပါ။ ဒါပေမယ့် မိုးကုတ်လို မြို့ငယ်တွေ အနေနဲ့ နည်းပညာတွေ၊ လူမှု
ဆက်ဆံရေး ဗဟုသုတတွေနဲ့ အခြားသော ဆက်သွယ်ရေးပိုင်းတွေမှာ အားနည်းနေပါသေးတယ်။
ဒါကြောင့် မြို့ကြီးများနည်းတူ လူကြီးတွေရော၊ လူငယ်တွေကပါ internet ဆိုတဲ့ ဝေါဟာရနဲ့
နီးစပ်လာအောင် NSE internet cafe မှ ကြိုဆို ဖိတ်ခေါ်နေပါပြီ။

ကျာင်းသူ/သားတွေ ဆိုရင်လည်း ကျောင်းစာတွေ အတွက်လေ့လာမလား?

လူငယ်တွေလည်း ဗဟုသုတတွေရှာဖွေမလား?

သူငယ်ချင်းတွေ ရှာကြမလား?

စိတ်အပန်းဖြေ သီချင်းလေးတွေနားထောင်ရင်း chat ကြမလား?

လူကြီးသူမတွေဆိုလည်း ရေခြား၊မြေခြားက သား၊သမီးတွေနဲ့ အချိန်ကုန်၊ ငွေကုန် သက်သာစွာ ဆက်သွယ်ကြမလား?
ဒါမှမဟုတ် ဘုရားအကြောင်း၊ တရားအကြောင်းလေးတွေ ရှာဖွေကြအုံးမလား?

လူကြီးမင်းတို့ ဖြစ်ချင်တာလေးတွေကိုသာ ပြောပါ။ internet နှင့်ပတ်သက်သော ၀န်ဆောင်မှုအားလုံးကို NSE internet cafe မှ လူကြီးမင်းတို့ စိတ်တိုင်းကျ တာဝန်ယူ ဆောင်ရွက်ပေးနေပါပြီ။

NSE internet cafe ၏ဆောင်ပုဒ်သည် လူကြီးမင်းများ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ရေး သာ ဖြစ်သည်။

လူကြီးမင်းများ ကမ္ဘာကို ရွာလေးတစ်ရွာအဖြစ် ကြည့်ချင်ပါတယ်ဆိုရင် NSE internet cafe သို့သာ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်အပ်ပါသည်။


ဆိုင်တည်နေရာလေးက....


email- nse.tea@gmail.com

ဆက်ဖတ်ပါရန်

 
ဆိုင်သို့ လာရောက်အသုံးပြုသူများနှင့် ဒီblogလေးကို အလည်ရောက်ရှိလာသူများအား NSE internet cafeမှ အထူးပဲ ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။